![]()
ကျင်းပပြီးစီးခဲ့သည့် ပွဲတော်များ၏ အချက်အလက်များ
၁။ ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်၊ မေလ(၃)ရက်မှ (၁၆)ရက်အထိ ကျင်းပခဲ့ပါသည်။
၂။ ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်မှ ဖေဖော်ဝါရီလ(၆)ရက် အထိ ကျင်းပခဲ့ပါသည်။
၃။ တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီ(၁၁)မှ (၂၁)ရက်အထိ ကျင်းပခဲ့ ပါသည်။
၄။ စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ကရာတေးပြိုင်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ(၂၆)မှ (၂၈)အထိ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
၅။ ပြိုင်ပွဲသို့ ပြည်နယ်/တိုင်း(၁၃)သင်းမှ အုပ်ချုပ်/နည်းပြ၊ ဒိုင်၊ အားကစားသမား စုစုပေါင်း(၁၆၃)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။
၆။ ပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းမှ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယ၊ ချင်းပြည်နယ်မှ တတိယ အသီးသီးရရှိခဲ့ကြပါသည်။
ကမ္ဘာ့ကရာတေးသမိုင်းကြောင်း
၁။ ကရာတေးဒိုသည် ဂျပန်လူမျိုးတို့၏ရိုးရာ ကိုယ်ခံပညာမှ ကမ္ဘာ့အားကစားအဖြစ် ပြောင်းလဲလာခြင်း ဖြစ်ပါ သည်။
၂။ ၁၉ဝ၅ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုကီနာဝါဒေသရှိ အလယ်တန်းကျောင်းများအတွက် ကာယပညာတစ်ရပ်အဖြစ် စတင် ပြဌာန်းခဲ့သည်။
၃။ ၁၉၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပထမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရိုးရာကိုယ်ခံပညာ တစ်ရပ် အနေဖြင့် ထည့်သွင်းသရုပ်ပြသရာမှ ဂျပန်တစ်ပြည်လုံးသို့ စတင်ပြန့်နှံ့ခဲ့သည်။
၄။ အထူးသဖြင့် တိုကျိူမြို့ရှိ နာမည်ကြီးတက္ကသိုလ်များတွင်ကရာတေးဒိုကလပ်အသင်းများပေါ်ထွက်လာ ခဲ့သည်။
၅။ ၁၉၅ရ ခုနှစ်တွင် ဂျပန်နိုင်ငံလုံးဆိုင်ရာ ပထမဆုံးကရာတေးဒိုပြိုင်ပွဲကို တိုကျိုမြို့၌ စတင်ကျင်းပနိုင်ခဲ့သည်။
၆။ ၁၉၆၄ ခုနှစ်တွင် ‘ဂျပန်နိုင်ငံကရာတေးဒိုအဖွဲ့ချုပ်’ Federation of All Japan Karatedo Organizations-FAJKO ကိုဖွဲ့စည်းခဲ့သည်။(ယခုအခါ Japan Karatedo Federation-JKF ဟုခေါ်ဆိုပါသည်။)
၇။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ၌အခြေစိုက်သော မဟာမိတ်တပ်များတွင် ကရာတေးဒိုပညာရပ်သည်အထူး ရေပန်းစားလျက် သင်တန်းများဖွင့်လှစ်သင်ကြားပေးရသည်အထိ ပြည်ပနိုင်ငံသားများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။
၈။ ယင်းပြည်ပနိုင်ငံသားများမှတစ်ဆင့် ကရာတေးဒိုပညာရပ်သည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့ခဲ့ပါသည်။
၉။ ၁၉၇ဝ ခုနှစ်တွင် (၃၃)နိုင်ငံပါဝင်သော ‘ပထမအကြိမ် ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲ’ ကို တိုကျိုမြို့၌ ကျင်းပ နိုင်ခဲ့ပြီး ‘ကမ္ဘာ့ကရာတေးဒိုအဖွဲ့ချုပ်’ World Union of Karatedo Organizations-WUKO ကိုဖွဲ့စည်း နိုင်ခဲ့ပါသည်။
၁ဝ။ ၁၉၈၅ ခုနှစ်တွင် IOC က WUKO ကို ကမ္ဘာ့ကိုယ်စားပြု တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ်အသိအမှတ် ပြုခဲ့ပါသည်။

၁၁။ ၁၉၉၀ ခုနှစ်လွန်များတွင် ကမ္ဘာ့နိုင်ငံလုံးဆိုင်ရာ ကရာတေးအဖွဲ့အစည်းများ စုစည်းပေါင်းစပ်မှုဖြင့် နိုင်ငံကိုယ်စားပြုကရာတေးအဖွဲ့ချုပ်ပေါင်း(၁၅၀)နိုင်ငံအထိ တိုးတက်ရောက်ရှိခဲ့ပါသည်။ ထို့ကြောင့် ကြီးမား လာမည့် အဖွဲ့အစည်း၏ အတိုင်းအတာနှင့် နောင်အားကစားအခွင့်အလမ်းများအတွက် ဂုဏ်သိက္ခာရှိပြီး တိကျသော အမည်နာမလိုအပ်လာခဲ့သည်။ ကရာတေးအားကစားအတွက် အဓိကတာဝန်ယူလုပ်ဆောင် နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF-World Karate Federation)ကို ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။

၁၂။ ၁၉၈၀ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်များအတွင်း ကရာတေးအားကစားသည် နိုင်ငံတကာမျက်နှာပြင်တွင် တောင့်တင်းခိုင်မာသော အဖွဲ့အစည်းအဖြစ် ပြည့်ဝစွာကိုယ်စားပြု လှုံ့ဆော်ကြီးထွားလာခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့အိုလံပစ်ကော်မတီ(IOC)သည် ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်(WKF)ကို အိုလံပစ်အားကစားအဖြစ် ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အုပ်ချုပ်မှုအောက်တွင် တရားဝင်အဖွဲ့ချုပ်အဖြစ် ၁၉၉၉ တွင် တရားဝင်သတ်မှတ် ပေးခဲ့သည်။
၁၃။ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်(WKF)သည် တိုက်ကြီး ၅တိုက်မှ ကရာတေးအဖွဲ့ချုပ်(၁၉၈)နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး လေ့ကျင့်သူဦးရေမှာ သန်း(၁၀၀)ကျော်အထိ ရှိပါသည်။ ၎င်းတိုက်ကြီး(၅)တိုက်၏ အဖွဲ့ချုပ်များသည်လည်း ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်(WKF)၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပါသည်။ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF)၏ဖွဲ့စည်းပုံမှာလည်း ကမ္ဘာ့အိုလံပစ်ကော်မတီ(IOC)၏ တိုက်ကြီး(၅)တိုက်အား ရည်ညွှန်းသတ်မှတ် သင်္ကေတအတိုင်း အရောင်(၅)ရောင်ဖြင့် သတ်မှတ်ထားသည်။

၁၄။ ၁၉၇ဝ ခုနှစ်မှစတင်၍ (၂)နှစ်တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် အဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ၂ဝ၁၆ ခုနှစ်တွင် ‘(၂၃)ကြိမ်မြောက် ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲ’ ကိုဩစတီးယားနိုင်ငံ ၌ကျင်းပခဲ့ပြီးဖြစ်ပါသည်။
၁၅။ ‘ကရာတေးဒို’ ကို အာရှဒေသဆိုင်ရာ ပြိုင်ပွဲဝင်အားကစားနည်းတစ်ရပ်အနေဖြင့် ၁၉၈၇ ခုနှစ်၊ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့၌ ပြုလုပ်ခဲ့သော (၁၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (14th SEA Games )တွင်လည်းကောင်း၊ ၁၉၉၄ ခုနှစ်၊ ဂျပန်နိုင်ငံ Hiroshima မြို့၌ ပြုလုပ်ခဲ့သော(12th Asian Games) တွင် လည်းကောင်း စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဖြစ်ပါသည်။
၁၆။ ပြိုင်ပွဲတစ်ခုတွင် တာဝန်ယူမည့်ဒိုင်များ၏ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်မှုသည် ယှဉ်ပြိုင်နေသော အကြောင်းအချက်များအပေါ်တွင် အတတ်နိုင်ဆုံး ဘက်လိုက်မှုကင်းစင်ပြီး မှန်ကန်မျှတစွာ ဆုံးဖြတ်ကြရ မည်ဖြစ်သည့်အတွက် ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF)အနေဖြင့် တာဝန်ယူမည့် ဒိုင်လူကြီး အသစ်များ ကိုလည်း စည်းရုံးသိမ်းသွင်းကြိုးစားစေပြီး အရည်အသွေးရှိ ချင့်ချိန်ဆုံးဖြတ်တတ်သော ဒိုင်လူကြီးများအဖြစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။ ၁၇။ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်(WKF)လူမှုကွန်ယက်သည် လူသိများသော ကွန်ယက်တစ်ခုဖြစ်သည်။ ထောင်ပေါင်း များစွာသော ထောက်ခံအားပေးသူများသည် နေ့စဉ်ထုတ်လွှင့်နေသော ကရာတေး၏ ကွဲပြားခြားနားသော သတင်းများကို ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်ဖေ့ဘုတ်(WKF Facebook)မှ ကရာတေးနှင့်ပတ်သတ်သော ယဉ်ကျေးမှု၊ အတွေးအခေါ်၊ သမိုင်းတန်ဖိုး၊ ပြိုင်ပွဲ၊အားကစားသမားများကဏ္ဍ၊ အခြားသက်ဆိုင်သော သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုကြသည်။ ကရာတေးယူကျု(WKF Youtube)ချန်နယ်များသို့ ဝင်ရောက်ကြည့်ရှုကြသည့် ကမ္ဘာတစ်ဝှမ်းရှိ ထောက်ခံအားပေးသူနှင့် ပရိသတ်အပေါင်းတို့သည် ကမ္ဘာ့ အကောင်းဆုံး အားကစားသမားတို့၏ ပြိုင်ပွဲ၊ လေ့ကျင့်မှု၊ စွမ်းဆောင်ရည်များကို အရည်အသွေး မြင့်ထုတ်လွှင့်မှု (HD)များကို ကြည့်ရှုနိုင်၍ လေ့လာနိုင်ကြပါသည်။
မြန်မာ့ကရာတေးသမိုင်းကြောင်း
၁။ ၁၉၅၅ ခုနှစ်ပတ်ဝန်းကျင်တွင် မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့များကို ဂျူဒို၊ အိုင်ကီဒို၊ လှံစွတ်ထိုး စသည့် အနီးကပ်တိုက်ခိုက်ရေးပညာရပ်များကို သင်ကြားပေးသည့် ဂျပန်ကျွမ်းကျင်သူများကတစ်ဆင့် ကရာတေး ပညာ အစပျိုးခဲ့ပါသည်။
၂။ ၁၉၆၀ ခုနှစ်နှောင်းပိုင်းတွင် ကရာတေး(Karate-do)ခေါ် ကရာတေး (Karate) ပညာသည် လူငယ်များအတွင်း အလွန်ခေတ်စားလာခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ပတ်ဝန်းကျင်တွင် ရန်ကုန်မြို့တစ်ခုတည်း၌ပင် ကရာတေးကလပ် အသင်းပေါင်း(၃၀)ခန့် ပေါ်ထွက်လာခဲ့ပါသည်။
၃။ ကလပ်အသင်းများ၏ ဦးဆောင်သူများက မိမိတို့ကိုယ်မိမိ ကရာတေးခါးစည်းအနက် (Karate Black Belt) များအဖြစ်သတ်မှတ်လျက် ယင်းကလပ်အသင်းများ၏ နည်းပြဆရာ(သို့မဟုတ်)နည်းပြချုပ်များဖြစ်လာ ကြပါသည်။ နည်းပြဆရာအချို့သည် ကရာတေးပညာကို အနီးကပ်တိုက်ခိုက်ရေးသင်တန်းတက်ခဲ့ဘူးသော စစ်မှုထမ်းဟောင်းများထံမှ သင်ယူခြင်းဖြင့်လည်းကောင်း၊ အများစုသည် ထိုအချိန်က လက်လှမ်းမီရာ ပြဌာန်းကရာတေးစာအုပ်များ၊ ကရာတေးမဂ္ဂဇင်းများ၊ ရုံတင်ရုပ်ရှင်များနှင့် အထူးသဖြင့် ပြည်ပရောက် မြန်မာကရာတေးဝါသနာရှင်များ၏ အကူအညီဖြင့် ဂျပန်ကရာတေးအသင်းချုပ် (Japan Karate Association-JKA)က သင်ရိုးအဖြစ် ရိုက်ကူးထားသော ၈ မီလီမီတာနှင့် ၁၆ မီလီမီတာ အဖြူ/အမဲ ဖလင်များ 8mm & 16mm Black & White Films များနှင့် Mr. Masatoshi Nakayama ၏ “Dynamic Karate”, Mr. H. Nishiyama ၏ “The Art of Empty Hand Fighting” စသည့် Text-books တို့မှလည်းကောင်း ကိုးကား လေ့လာလေ့ကျင့်လျက် ပြန်လည်သင်ကြားပေးခြင်းဖြင့် မြန်မာ့ကရာတေး တိုးတက်ပြန့်ပွားမှု စတင်ခဲ့ပါသည်။
၄။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(Myanmar Olympic Committee- MOC)က ၁၉၈၉ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့ တွင် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် (Myanmar Karate Federation – MKF) ကို ဖွဲ့စည်းခွင့် ပြုခဲ့ပါသည်။

၅။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ (MOC)၏ ထောက်ခံချက်ဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee – IOC)က ကမ္ဘာ့ကိုယ်စားပြု ကရာတေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားသော ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (World Karate Federation-WKF)သို့ အဖွဲ့ချုပ် ဖွဲ့စည်းခွင့် ရလျှင်ရခြင်း ၁၉၈၉ ခုနှစ်တွင်ပင် အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီး ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF) အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမှု ရခဲ့ပါသည်။
၆။ ၁၉၈၉ ခုနှစ် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစတင်၍ မြန်မာ့ကရာတေးဒို အားကစား သမားများ အပြည်ပြည်ဆိုင်ရာကရာတေးဒိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။
၇။ အပြည်ပြည်ဆိုင်ရာကရာတေးဒိုပြိုင်ပွဲများမှ ယနေ့အထိ မြန်မာ့ကရာတေးဒိုအားကစားသမားများအနေဖြင့် နိုင်ငံတော်အတွက် ရွှေတံဆိပ်(၂၇)ခု၊ ငွေတံဆိပ်(၃၇)ခုနှင့် ကြေးတံဆိပ်(၉၄)ခုတို့ကို ရယူပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
၈။ နိုင်ငံတဝှမ်းရှိ ကရာတေးအားကစားသမားများအနေဖြင့် အဖွဲ့ချုပ်နှင့် အဆက်အသွယ်မပြတ်စေရန်နှင့် သတင်းများကို သိရှိနိုင်ရေးအတွက် Viber-09 961 859 768 နှင့် Website: www.myanmarkarate.org တို့ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။
တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဌများ





တာဝန်ထမ်းဆောင်ခဲ့သည့် အတွင်းရေးမှူးများ


မြန်မာ့ကရာတေးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အနေဖြင့် အဖွဲ့အစည်းအဆင့်ဆင့်နှင့် ဆက်သွယ်ဆောင်ရွက်မှု
၁။ မြန်မာ့ကရာတေးအားကစားနည်း တိုးတက်ပြန့်ပွားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကရာတေးပြိုင်ပွဲများတွင် အောင်နိုင်မှုများရရှိရေးအတွက် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ (MOC) ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ခံဆောင်ရွက်သွားရ မည့် တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်ပါသည်။
၂။ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီတို့၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ် နှင့်တိုင်းဒေသကြီးအလိုက် ကရာတေးဆပ်ကော်မတီများ ဖွဲ့စည်းလျက် မိမိတို့ဒေသတွင်းရှိ ကလပ်အသင်း များ၏ ဖွဲ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဦးဆောင်မှုပြုပေးရန်ဖြစ်ပြီး၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့်လည်း နည်းပညာပိုင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ၃။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကရာတေးကလပ်အသင်းများ၊ တက္ကသိုလ်နှင့်ကောလိပ်အသင်းများနှင့် ဌာနဆိုင်ရာကရာတေးကလပ်အသင်းများသည် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကလပ်အသင်းများ တရားဝင်ဖြစ်ရမည်ဖြစ်ပြီး၊ မြန်မာ့ ကရာတေးအားကစား တိုးတက်ပြန့်ပွားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကရာတေးပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရေးအတွက် ကလပ်အသင်းများ၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန် အရေးပါသည့်အလျောက် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကလပ်အသင်းများသည် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံအတွင်း နှစ်စဉ်ကျင်းပခဲ့သော ကရာတေးပြိုင်ပွဲများ
၁။ နှစ်စဉ်ကျင်းပခဲ့သော ကရာတေးပြိုင်ပွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) သက်တန်းအလိုက်ပြိုင်ပွဲများ (U-21, Junior, Cadet and U-14)
( ခ) လူသစ်တန်းပြိုင်ပွဲ (Novice Karate Championship)
( ဂ) ကျောင်းသားအားကစားပွဲတော် (နိုင်ငံတော်အဆင့်)
(ဃ) အမျိုးသားအားကစားပွဲတော် (နိုင်ငံတော်အဆင့်)
( င) ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ (States & Regions Championships)
( စ) တံခွန်စိုက်ပြိုင်ပွဲ (National Championships)
(ဆ) တပ်မတော် (ကြည်း၊ ရေ၊ လေ)ကာကွယ်ရေးဦးစီးချုပ်ဒိုင်းပြိုင်ပွဲ
(ဇ) Japan Cup Karate Championships
(ဈ) Takuya Taniyama Cup Karate Championships
(ည) မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဌဖလားပြိုင်ပွဲ
ရှေ့လုပ်ငန်းစဉ်များ
၁။ လူငယ်များအကြား ကရာတေးပညာ တိုးတက်ပြန့်ပွားရေးအတွက် သက်ငယ်တန်းပြိုင်ပွဲများအပြင်အခြေခံ အထက်တန်းကျောင်းပေါင်းစုံနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံ ကရာတေးပြိုင်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်-
၂။ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် အဖွဲ့ဝင်ကလပ်အသင်းများ၏ နည်းစနစ်ပိုင်းတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာန/ တိုင်းဒေသကြီး/ပြည်နယ်ကရာတေးဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရန်-
၃။ အစဉ်ပြောင်းလဲနေသော နည်းစနစ်ပိုင်း (Techniques)နှင့် လေ့ကျင့်ရေးအပိုင်း (Scientific Coaching) တို့ကို အဖွဲ့ဝင် ကလပ်အသင်းများ သိရှိနားလည် ကျင့်သုံးကြရေး စည်းရုံးဆောင်ရွက်သွားရန်-
၄။ နိုင်ငံတကာထိတွေ့မှု (International exposures) နှင့် ပြိုင်ပွဲအတွေ့အကြုံ (Tournament experiences)များ ရရှိစေလျက် မြန်မာ့ကရာတေးအားကစားသမားများ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် အောင်နိုင်မှုများ ရရှိစေရန်-
၅။ မိမိအားကစားသမားများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေး ပြည်တွင်းပြည်ပတွင်ချစ်ကြည်ရေး လက်ရည် စစ်ပွဲများ၊ ပူးတွဲလေ့ကျင့်မှုများကို ဆောင်ရွက်သွားရန်-
၆။ လေ့ကျင့်ရေးအထောက်အကူပစ္စည်း အစုံအလင်ပါရှိသော အဖွဲ့ချုပ်ပိုင်လေ့ကျင့်ရုံ သို့မဟုတ် ခန်းမတစ်ခု (Well-equipped Indoor Training Gym or Hall) ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားရန်-
ကရာတေးပြိုင်ပွဲကွင်း အတိုင်းအတာများ
၁။ ပြိုင်ပွဲကွင်းအကျယ်အဝန်းမှာ တစ်ကွင်းလျှင် 12 m /12m ရှိမည်ဖြစ်ရာ ပြိုင်ပွဲကွင်းနှစ်ကွင်းလျှင် 12m/24m လိုအပ်မည်ဖြစ်ပါသည်။

ကရာတေးပြိုင်ပွဲစည်းမျဉ်း (အမှတ်ပေး/ပြစ်ဒဏ်ပေး) အနှစ်ချုပ်
ပြိုင်ပွဲစည်းမျဥ်းဥပဒေ(ကုမိတဲ့)
– ပြိုင်ပွဲကြာချိန်
(၁) အသက် ၁၄ နှစ်နဲ့အောက် -1:30 မိနစ်(အမျိုးသား/အမျိုးသမီး)
(၂) အသက် ၁၄ နှစ်နဲ့ ၁၆နှစ်အထိ-2 မိနစ်(အမျိုးသား/အမျိုးသမီး)
(၃) U21 နှင့် Senior(အမျိုးသား/အမျိုးသမီး)-3 မိနစ်
– အမှတ်ပေးခြင်း
(၁) မှတ် Yuko – အမှတ်ပေးရန်သတ်မှတ်ထားသောနေရာကို ထိုးနည်းစနစ် ရိုက်နည်းစနစ်များ . ဖြင့် တိုက်ခိုက်ချက်များ
(၂) မှတ် Wazari – အလယ်ပိုင်းကန်ချက်များ
(၃) မှတ် Ippon – အပေါ်ပိုင်းကန်ခြင်း၊ နည်းဥပဒေအတိုင်း ကိုင်ပေါက်ပြီး ထိုးချက်/ကန်ချက်များ
– ပြစ်ဒါဏ်
(၁) Chui – 1/2/3 အဆင့်သုံးဆင့်ရှိသည်။ အခြေခံပြစ်ဒါဏ်ကျူးလွန်ခြင်း။
(၂) Hansoku chui- တစ်ဖက်ကစားသမား ဒါဏ်ရာရအောင် ဥပဒေပြင်ပတိုက်ခိုက်ခြင်း။ Chui သုံးကြိမ် ပေးခံရပြီး နောက်ထပ်ကျူးလွန်ခြင်း။
(၃) Hansoku – တစ်ဖက်ကစားသမား တိုက်ခိုက်မှု့စွမ်းရည်ကိုထိခိုက်သည်အထိ ကြမ်းတမ်းစွာ . ကစားခြင်း။ Hansoku ပြစ်ဒါဏ်ပေးခံရပြီး နောက်တဆင့်။ ဒါဏ်ရာရသော်လဲ . ထိုဒါဏ်ရာကိုပြင်းထန်သယောင် ချဲ့ကားဟန်ဆောင်ခြင်း။
*ဤပြစ်ဒါဏ်သည် ယင်းပွဲစဥ်သာဆိုင်ပြီး တစ်ဖက်ကစားသမားအား အနိုင်ပေး ရမည်။*
(၄) Shikkaku – ကရာတေးအားကစားကို သိက္ခာကျအောင်ရိုင်းစိုင်းစွာပြုမူခြင်း။ တစ်ဖက် . ကစားသမား တိုက်ခိုက်ချက်မထိပဲ ထိပြီးဒါဏ်ရာရချင်ယောင်ဆောင်ခြင်။
*ဤပြစ်ဒါဏ်သည် ယင်းပြိုင်ပွဲသာမကပဲ ရာသက်ပန်ထုတ်သည်အထိ ကျခံနိုင်ပါ သည်။*
ပြိုင်ပွဲစည်းမျဥ်းဥပဒေ(ခတ)
– World Karate Federation(WKF) မှပြဌာန်းထားသော Kata အပုဒ် 102 ပုဒ်ထဲမှ မည်သည့် ခတနှင့်မဆို ယှဥ်ပြိုင်နိုင်သည်။
– အမှတ်ပေးခြင်း
ဒိုင်(5 or 7)ယောက်မှ ကစားသမားတစ်ယောက်ကစားပြီးသည်နှင့် GMS system ဖြင့် 5 မှတ်ကနေ 10 မှတ် အတွင်းပေးရပါသည်။
ပထမ အကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၏ မှတ်တမ်းဓါတ်ပုံများ

ဒုတိယ အကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၏ မှတ်တမ်းဓါတ်ပုံများ




တတိယ အကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၏ မှတ်တမ်းဓါတ်ပုံများ


(ချိုချိုလွင်၊ စမ္ဒာမျိုးအေး၊ ခင်စန္ဒာဌေး)














စတုတ္ထ အကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၏ မှတ်တမ်းဓါတ်ပုံများ







