ဘတ်စကက်ဘောအားကစား-သမိုင်းကြောင်း

Loading

ဘတ်စကက်ဘော (ကမ္ဘာ့သမိုင်း)

ဘတ်စကက်ဘောအားကစားနည်းကို ၁၈၉၁ခုနှစ်တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ်၊ စပရင်ဖီလ်းတက္ကသိုလ်မှ ကာယပညာဌာနမှ Dr. James  Naismith ဆိုသူက စတင်တီထွင်ခဲ့ သည်။ Dr. James  Naismith သည် နံရံပေါ်တွင် ချိတ်ဆွဲထားသော တောင်းထဲသို့ ဘောလုံးဝင်အောင် ကစားပြခဲ့သည်။ လူတိုင်းပျော်ရွှင်စွာ ပါဝင်ကစားနိုင်သော အားကစားနည်းအဖြစ် သတ်မှတ်ခြင်းခံရ သည်။ ၁၈၉၂ခုနှစ်၊ ဇန်နဝါရီလ  ၁၅ ရက်နေ့တွင် ကျောင်းမှ ထုတ်ဝေသည့် The Trainagle (သုံးဖက်မြင်) မဂ္ဂဇင်း၌ ဥပဒေ(၁၀)ချက်ပါသော ဘတ်စကက်ဘောအားကစား နည်းဥပဒေကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ထိုအချိန်တွင် အမေရိကန်နိုင်ငံတွင် ခေတ်စားလျက်ရှိသော ” RUGBY ”  ရပ်ဘီအားကစားနည်းကိုပင် ရင်ဘောင်တန်း ကစားလာသည်အထိ တိုးတက်များပြားလာခဲ့သည်။

ပထမဆုံးဘတ်စကက်ဘောပြိုင်ပွဲကို ၁၈၉၂ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် စပရင်ဖီလ်း တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ်များ အားပေးချီးမြှောက်ခြင်းခံခဲ့ရသည်။ ထိုလှုပ်ရှားမှုကို   Y.M.C.A  မှ စိတ်ဝင်စားပြီး  ပြိုင်ပွဲများကို ဦးဆောင်၍ လက်ခံကျင်းပပေးခြင်းတို့မှ စည်းရုံးရေးကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် (Y.M.C.A)မှ အတွင်းရေးမှူးသည် ကမ္ဘာ့အနှံ့အပြားတွင် သင်တန်းများကို စနစ်တကျပေးကာ ဤအားကစားနည်းကိုတိုးတက်အောင် မြှင့်တင်ပေးခဲ့သည်။

ထိုအောင်မြင်မှုများမှသည် ၁၉၁၇ခုနှစ် ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲကို ကျင်းပပေးနိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကမ္ဘာ့နိုင်ငံပေါင်း(၁၀၀)ကျော်မှ ပြည်သူများ၏ စိတ်ဝင်စားမှု၊ အားပေးမှုများ အသိအမှတ်ပြုခံရသဖြင့် ၁၉၃၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ တွင် ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံ(၈)နိုင်ငံ ကိုယ်စားပြု၍ ဖွဲ့စည်းတည်ထောင်ခဲ့ကြ သည်။ အသင်းကြီး၏ အဖွဲ့ချုပ်ရုံးကို ဂျီနီဗာတွင် အခြေချ တည်ထောင်ခဲ့ကြသည်။ အဖွဲ့ချုပ်၏ ကြိုးစားမှု ကြောင့် (၁၉၃၆ခုနှစ်၊ သြဂုတ်လတွင် ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပခဲ့သော (၁၁)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွင် ထည့်သွင်းပါဝင်ကစားခွင့်ရရှိခဲ့သည်။ ကမ္ဘာ့ဘတ်စကက်ဘောစတင်ဖွဲ့စည်းစဉ် က ဦးဆောင်ခဲ့သူမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာ H.C.R  ဝီလျံဂျုန်း က ဆောင်ရွက်ခဲ့ သည်။ လက်ရှိအဖွဲ့ချုပ်ကို  ဂျာမဏီနိုင်ငံ မြူးနစ်မြို့၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ဘတ်စကက်ဘော(မြန်မာ့သမိုင်း)

မြန်မာနိုင်ငံသို့ အဆိုပါအားကစားနည်းသည် (၁၉၁၅-၁၆) ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး ပထမဆုံး ကစားပွဲကို ကူရှင်အထက်တန်းကျောင်းနှင့် ကပ်လျက်ရှိသော ဂျက်ဆင်ကောလိပ် ကျောင်းဟောင်းကြီး တွင် ပြုလုပ်ကျင်းပခဲ့ရာ ပညာမင်းကြီး ဦးချို ကိုယ်တိုင် ကစားသမားတစ်ဦးအဖြစ်  ပါဝင်ခဲ့သည်။ (၁၉၁၆-၁၉)ခုနှစ်များအတွင်း ကူရှင်ကျောင်း (ယခုအထက(၄)အလုံ) နှင့် မက်သဒစ် အထက်တန်း ကျောင်း (ယခုအထက(  ၃   ) ပုဇွန်တောင်)ကျောင်းများတွင် ပြုလုပ်ကျင်းပခဲ့သည်။ ကျောင်းပေါင်းစုံ ပြိုင်ပွဲများကို (၁၉၁၆ မှ ၁၉၂၀ )အတွင်း ဝိုင် အမ် စီ အေ မှ မစ္စတာဟီလို၏ ကြိုးပမ်းမှုကြောင့် ပြိုင်ပွဲများ ကျင်းပပေးနိုင်ခဲ့သည်။

၄င်းမစ္စတာဟီလိုသည် အမေရိကန်နိုင်ငံမှ နာမည်ကျော် ကစားသမားလည်းဖြစ် ၊ ဝိုင် အမ် စီ အေ မှ အကြံပေးအရာရှိလည်းဖြစ်သည်။ ၄င်းနှင့်အတူ အမေရိကားမှာ နာမည်ကျော် ဘတ်စကက်ဘော ကစားသမား ဒိုင်ယာ ၊ နာမည်ကျော် ဟောင်ကောင်မှ ကစားသမား မစ္စတာချိုင်းနှင့် အငြိမ်းစားကာယ ဝန်ထောက်(ဦးဘသန်း)တို့သည် မြန်မာနိုင်ငံတွင် ဘတ်စကက်ဘောကစားနည်း တိုးတက်ဖွံ့ဖြိုးလာစေ ရန် ကျောင်းများ၌ သင်ကြားပေးခဲ့သည်။

၁၉၃၆ခုနှစ်တွင်  အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ၊ ညွှန်ကြားရေးဝန် ဝဏ္ဏကျော်ထင်ဦး ဇော်ဝိတ်သည် မြန်မာတစ်နိုင်ငံလုံး အားကစားတိုးတက်လာစေရန် လူငယ် အားကစားသမား အယောက်(၂၀)ကျော်တို့ဖြင့် အားကစားနည်းများကို အထက်မြန်မာပြည် မြို့ကြီးများသို့ လှည့်လည် သရုပ်ပြ ကစားပြခြင်းများကို ပြုလုပ်ပြသခဲ့ရာတွင် ဘတ်စကက်ဘောအဖွဲ့လည်း ပါဝင်ခဲ့လေသည်။

(၁၉၄၇)ခုနှစ်တွင် မြန်မာနိုင်ငံသည် အိုလံပစ်အဖွဲ့ဝင်ဖြစ်ခဲ့၍ ဘတ်စကက်ဘောအဖွဲ့ချုပ်သည် လည်း ကမ္ဘာ့ဘတ်စကက်ဘာအဖွဲ့ချုပ်နှင့် (၁၉၄၈)တွင် ဆက်သွယ်ခဲ့ပေသည်။

(၁၉၄၇)ခုနှစ်တွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သည်။ (၁၉၄၈)ခုနှစ်တွင် မြန်မာ့ဘတ်စကက်ဘောအဖွဲ့ချုပ်သည် ကမ္ဘာ့ဘတ်စကက်ဘောအဖွဲ့ချုပ် (FIBA) နှင့် ဆက်သွယ်ပြီးနောက် ဘတ်စကက်ဘောပြိုင်ပွဲများကို အဖွဲ့ချုပ်ကပင် တာဝန်ယူကျင်းပပေးခဲ့သည်။

အဖွဲ့ချုပ်ရုံးကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံတွင် ဖွင့်လှစ်ထားပါသည်။

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်၌

တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဌနှင့် အတွင်းရေးမှူးများ

ဥက္ကဌစာရင်းများ

၁။ဗိုလ်မှူးကြီးဇေယျကျော်ထင်သူရမင်းသိမ်း(၁၉၆၄ မှ ၁၉၆၇)
၂။ဦးရဲထွဋ် (ရဲဘော်သုံးကျိပ်ဝင်)(၁၉၆၈ မှ ၁၉၇၄)
၃။ဦးတိတ်စိန် (အငြိမ်းစား ဒု – ဗိုလ်မှူး)(၁၉၇၅ မှ ၁၉၈၄)
၄။ဗိုလ်မှူးကြီး မျိုးခင်(၁၉၈၅ မှ ၁၉၈၆)
၅။ရဲမှူးချုပ် ဦးဖေကြည်(၁၉၈၇ မှ ၁၉၉၂)
၆။ဦးမောင်မောင်သွင်(၁၉၉၃ မှ ၁၉၉၆)
၇။ပါမောက္ခဒေါက်တာစိန်မြင့် M.D Supreme Group of Co.,ltd)(၁၉၉၇ မှ ၂၀၀၇)
၈။ဦးကျော်ဝင်း (Chairman , Shwe Than Lwin Co.,ltd)(၂၀၀၈ မှ ယနေ့ထိ)

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ

 ၁။၂၀၁၁ခုနှစ်၊(၂၆)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
  အင်ဒိုနီးရှားနိုင်ငံ
 ၂။၂၀၁၃ခုနှစ်၊ (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
  မြန်မာနိုင်ငံ
 ၃။၂၀၁၅ခုနှစ်၊(၂၈)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
  စင်ကာပူနိုင်ငံ
 ၄။၂၀၁၇ခုနှစ်၊(၂၉)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
  မလေးရှားနိုင်ငံ
 ၅။၂၀၁၉ခုနှစ်၊(၃၀)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
  ဖိလစ်ပိုင်နိုင်ငံ

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်

ပြည်တွင်း/ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ

၁။၂၀၁၇ခုနှစ်၊(၁၂)ကြိမ်မြောက်SEBAအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲဖိလစ်ပိုင်နိုင်ငံ
၂။၂၀၁၈ခုနှစ်၊ IBF Youth Leadership Programme 3×3 Missအင်ဒိုနီးရှားနိုင်ငံ
၃။၂၀၁၈ခုနှစ်၊ Over-40  နိုင်ငံတကာ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ  မြန်မာနိုင်ငံ
၄။၂၀၁၈ခုနှစ်၊ 19th Asian University Gamesမြန်မာနိုင်ငံ
၅။၂၀၁၉ခုနှစ်၊ IBF Youth Leadership Programme 3×3 Missအင်ဒိုနီးရှားနိုင်ငံ
P