ပိုက်ကျော်ခြင်းအားကစား-သမိုင်းကြောင်း

Loading

မြန်မာတို့အနေဖြင့် ခြင်းလုံးကစားနည်းကို ၅ ရာစုနှစ် ပျူခေတ်တွင် စတင်၍ ခတ်ကစားခဲ့ကြောင်း ငွေခြင်းလုံးတစ်ခုမှ သက်သေပြုနေသည်။ သို့သော်လည်း ထိုအချိန်တွင် ခြင်းလုံးသည်  ဖျော်ဖြေရေး၊ အပန်းဖြေကစားခြင်းနှင့် ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု အနေဖြင့်ရှိခဲ့သည်။

                  အချိန်ကာလပြောင်းလဲလာသည်နှင့်အမျှ ဝိုင်းဖွဲ့၍ အမှတ်ပေးစနစ်ဖြင့် တဖြည်း ဖြည်း ပြောင်းလဲလာသော်လည်း ကြိမ်ခြင်းဖြင့်သာ ဆက်လက်ကစားခဲ့ပြီး မြန်မာ့ရိုးရာ ခြင်းလုံးသည် အပြည်ပြည်ဆိုင်ရာခတ်ကစားမှုကို ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲမှသာ ပိုက်ကျော်ခြင်းအားကစားနည်းခေါင်းစဉ်အောက်မှ စတင်ဝင်ရောက်ခဲ့သည်။

                  ပိုက်ကျော်ခြင်းအနေနှင့်မူ ၁၉၆၇-၁၉၇၂ ခုနှစ်ကာလများတွင် တပ်မတော် (ကြည်း/ရေ/လေ) ပြိုင်ပွဲများတွင် ကိုယ်ပိုင်စည်းမျဉ်းနှင့် ကြိမ်ခြင်းကိုအသုံးပြုခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဦးရွှေဘိုစိန်၊ ဦးခင်မောင်မြင့်၊ ဦးစိုးတင့်နှင့် ဦးခင်မြင့်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၇) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက်လေ့လာခဲ့ကြပါသည်။

ဥက္ကဌများ

(၁)ရဲမှူးကြီးလှမြင့်၂၂-၃-၁၉၉၁၂-၁၀-၂၀၀၁
(၂)ဒုရဲချုပ်ဇော်ဝင်း၃-၁၀-၂၀၀၁၂-၂-၂၀၀၄
(၃)ဦးချစ်ခိုင်၃-၂-၂၀၀၄  ၂၉-၃-၂၀၁၄
(၄)ဦးစိုးနိုင်၂၃-၄-၂၀၁၄  ၆-၇-၂၀၂၃
(၅)ဦးရဲဝင့်ထွဋ်တင်၇-၇-၂၀၂၃ယနေ့အထိ

အတွင်းရေးမှူးများ

(၁)ဦးရွှေဘိုစိန်၂၂-၃-၁၉၉၁၂၆-၇-၁၉၉၇
(၂)ဦးအောင်ကျော်ညွန့်၂၇-၇-၁၉၉၇၃၁-၃-၂၀၀၄
(၃)ဦးကျော်ဇင်မိုး၁-၄-၂၀၀၄၆-၁၂-၂၀၁၆
 (ဒုတိယညွှန်ကြားရေးမှူးချုပ်(၃)၊ အားကစားနှင့်ကာယပညာဦးစီးဌာန)   
(၄)ဦးထွဋ်ခိုင်နွယ်၇-၁၂-၂၀၁၆၂၈-၂-၂၀၁၉
(၅)ဦးချစ်ငြိမ်းလွင်၃-၁၂-၂၀၁၉
(၆)ဦးဇော်လင်း၇–၇-၂၀၂၃ယနေ့အထိ
P