- အမှတ်ပေးစည်းမျဉ်း
- ပွဲစဉ်ဇယား(ပြိုင်ပွဲအားလုံး)
- ဘိလိယက်တစ်ဦးချင်း
- ဘိလိယက်နှစ်ယောက်တွဲ
- စနူကာ (15-Red) တစ်ဦးချင်း
- စနူကာ (15-Red) နှစ်ယောက်တွဲ
- စနူကာ (6-Red) တစ်ဦးချင်း
- စနူကာ (6-Red) နှစ်ယောက်တွဲ
- 9 Ball Pool တစ်ဦးချင်း
- 9 Ball Pool နှစ်ယောက်တွဲ
၁။ |
ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲ၌ Events အားလုံး ရှုံးထွက်စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်အလိုက် အမှတ်ပေး စည်းမျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်- | ||||
(က) |
ဘိလိယက်ပြိုင်ပွဲ။ ဘိလိယက်ပြိုင်ပွဲတွင် ပွဲငယ်တစ်ပွဲ၌ အမှတ်(၁၀၀) ဦးစွာရရှိ သူက အနိုင်ရရှိမည်ဖြစ်ပြီး Best of 5 Frame ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ပွဲငယ်များ ယှဉ်ပြိုင်ကစားစဉ် အမှတ်ပေးစနစ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်- | ||||
(၁) |
In-Off ။ မိမိ Cue ball သည် ပြိုင်ဘက်၏ Cue ball ကိုထိပြီး ကျင်းထဲဝင် လျှင် (၂)မှတ်၊ Red ball ကိုထိပြီး ကျင်းထဲဝင်လျှင် (၃)မှတ်၊ | ||||
(၂) |
Pot ။ ပြိုင်ဘက်၏ Cue ball ကို သွင်းနိုင်လျှင် (၂)မှတ်၊ Red ball ကို သွင်း နိုင်လျှင် (၃)မှတ်၊ | ||||
(၃) |
Cannon ။ မိမိ၏ Cue ball ဖြင့် ပြိုင်ဘက်၏ Cue ball နှင့် Red ball နှစ်ခု လုံး ထိအောင်တွဲနိုင်လျှင် (၂)မှတ်၊ | ||||
( ခ) |
စနူကာပြိုင်ပွဲ။ စနူကာ 15-Red နှင့် 6-Red ပြိုင်ပွဲများတွင် ပွဲငယ်တစ်ပွဲ၌ အမှတ် များသူက အနိုင်ရရှိမည်ဖြစ်ပြီး Best of 5 Frame ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ပွဲငယ်များ ယှဉ်ပြိုင်ကစားစဉ် အမှတ်ပေးစနစ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်- | ||||
(၁) |
အနီရောင်ဘောလုံးဝင်လျှင် | - | (၁)မှတ်၊ | ||
(၂) |
အဝါရောင်ဘောလုံးဝင်လျှင် | - | (၂)မှတ်၊ | ||
(၃) |
အစိမ်းရောင်ဘောလုံးဝင်လျှင် | - | (၃)မှတ်၊ | ||
(၄) |
အညိုရောင်ဘောလုံးဝင်လျှင် | - | (၄)မှတ်၊ | ||
(၅) |
အပြာရောင်ဘောလုံးဝင်လျှင် | - | (၅)မှတ်၊ | ||
(၆) |
ပန်းရောင်ဘောလုံးဝင်လျှင် | - | (၆)မှတ်၊ | ||
(၇) |
အနက်ရောင်ဘောလုံးဝင်လျှင် | - | (၇)မှတ်၊ | ||
( ဂ) |
Pool ပြိုင်ပွဲ။ Pool ပြိုင်ပွဲတွင် အမှတ်ရေတွက်ခြင်းမပြုဘဲ ပွဲငယ်တစ်ပွဲ၌ သတ်မှတ် စည်းမျဉ်းအတိုင်း No. 9 Ball ကို ဦးစွာသွင်းနိုင်သူက အနိုင်ရရှိမည်ဖြစ်ပြီး Race to 7 (ပွဲငယ်၄-ပွဲ ဦးစွာနိုင်သူက အနိုင်ရရှိမည့်စနစ်) ဖြစ်ပါသည်။ | ||||
၂။ |
ပြိုင်ပွဲများအား ကျင်းပရာတွင် အပြည်ပြည်ဆိုင်ရာဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် (Inter-national Billiards and Snooker Federation) နှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်တို့မှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသွားပါမည်။ |